(ကြွက်သေတခု အရင်းပြု၍ ကြွယ်ဝသူအကြောင်း နှင့် ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်
ဓနဥပဒေသငါးရပ် )
ပညာရှိကိုမှီဝဲ၍ ကျေးဇူးသိတတ်လျှင် ကြီးပွားချမ်းသာ၏ ။
ကြွက်သေတခု
အရင်းပြု၍ ကြွယ်ဝသူအကြောင်း
ဗာရာဏသီပြည်ဗြဟ္မဒတ်မင်းလက်ထက်
ဘုရားလောင်းစူဠသူဌေးသည်
တနေ့ သ၌ မင်းထံခစားရန်
သွားစဉ် လမ်း၌ ကြွက်သေ တခုကို တွေ့ 
မြင်၏ ။ သူသည်
နက္ခတ်ကိုကြည့်ပြီး “ပညာရှိသူသည် ဤကြွက်သေကို
အရင်းပြု၍
စီးပွားထွန်းဖြစ်နိုင်၏ “ ဟုဆို၏ ။ ဆင်းရဲသားတဦးသည် ထို
စကားကိုကြား၍ ထိုကြွက်သေကို ယူပြီး ကြောင်စာအတွက်ရောင်းရာ
ငွေတခြင်းရွေးရ၏
။ သူသည်တင်လဲကိုဝယ်၍ တောမှလာသည့် ပန်းသည်
တို့ အား တင်လဲနှင့်သောက်ရေကိုပေးရာ ပန်းသည်တို့ ထံမှ ပန်းတဆုပ်စီ
ရ၏ ။
နောက်တနေ
့ထိုပန်းဘိုးဖြင့် တင်လဲကိုဝယ်ပြီး ပန်းဥယျာဉ်သို့ သွား၍ ပန်းသည်
တို့ အားတင်လဲနှင့်ရေကိုပေးရာ
၎င်းတို့ ထံမှ တ၀က်ခူးပြီးသောပန်းပင်တို့ ကို
ရ၏ ။ သူသည်
ဤနည်းဖြင့် ပြုလုပ်၍ ငွေရှစ်ကျပ်ကို ရ၏ ။ ထိုနောက်သူသည်
မင်းဥယျဉ်တွင်
လေမိုးကြောင့် ကျိုးကျသည့် သစ်ကိုင်းခြောက်များကို ဥယျာဉ်
စောင့်အား
ပန်ကြား၍ သယ်ယူပြီးရောင်းရာ ငွေတဆယ့်ခြောက်ကျပ်ရပြန်၏ ။
တဖန်သူသည် မြို့ တံခါးအနီး၌ ရေအိုး တည်၍မြက်ရိတ်သမား ငါးရတြို့ ကို
လုပ်ကျွေး၏ ။ မြက်ရိတ်သမားတို
့က “ကိစ္စရှိလျှင် အကူအညီပေးပါမည် ”
ဟုဆို၍ သူနှင့်မိတ်ဖွဲ့ ကြ၏ ။
ထို့ နောက်
သူသည် ရေကြောင်း အလုပ်လုပ်သူ ၊ ကုန်ကြောင်း အလုပ်သူ
နှစ်ဦးနှင့် မိတ်ဖွဲ့ ၏ ။ သူသည်ကုန်းကြောင်း
အလုပ်လုပ်သူ ထံမှ “မြင်း
ကုန်သည် တဦး
မြင်း ငါးရာတို့ ကို ယူလာမည် ”ဟုကြားသိရ၍ မြက်ရိတ်
သမား ငါးရာတို
့အား မြက်တစည်းစီ တောင်းပြီးရောင်းရာ ငွေတထောင်ရ၏ ။
နောက် သူသည် ရေကြောင်း အလုပ်လုပ်သူထံမှ “ရေဆိပ်၌ ကုန်လှေကြီး
ရောက်လာမည်
”ဟု ကြားသိရ၍ လှေဆိပ်သို့ သွားပြိး လှေသူကြီးအား
“သစ္စာ အထိမ်းအမှတ် ”လက်စွပ်ကိုပေး၍ ကုန်များကို မြို
့မှကုန်သည် တရာတို့ 
အား ရောင်းရာ
အမြတ်ငွေ နှစ်သိန်း ရရှိ၏ ။ ထိုငွေနှစ်သိန်းကိုယူ၍ စူဠသူဌေး
ထံသါားပြီး
ကျေးဇူးဆပ်သည့်အနေဖြင့် သူဌေးအား ငွေတသိန်းကိုပေး၏ ။ စူဠ
သူဌေးသည်
အလွန်နှစ်သက်၍ မိမိသမီးကို သူ့ အားပေး၏ ။ သူသည် စူဠသူဌေး
ကွယ်လွန်သော် သူဌေးအရာကို ရလေ၏ ။
(capital
ရင်းနှီးငွေ။)
ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်
ဖေမြင့်(ဘာသာပြန်)
ဓနဥပဒေသငါးရပ်
၁ ။ ဓနဥစ္စာဟူသည်
မိမိရရှိသောဝင်ငွေ၏ ဆယ်ပုံတစ်ပုံထက် မနည်း
သောဝင်ငွေကို မိမိနှင့်မိသာစု၏အနာဂါတ်အတွက် ချန်လှပ်သိမ်းဆည်းတပ်သူ ထံသို့ သာ ၀မ်းမြောက်ပျူငှါစွာ
ရောက်ရှိလာတတ်မြဲဖြစ်သည် ။
၂ ။ ဓနဥစ္စာဟူသည်
ယင်းအား အကျိုးဖြစ်အောင် ခိုင်းစေတတ်သောသူအတွက် ကျိုးနွံကျေနပ်စွာ အားထုတ်လုပ်ကိုင်ပေး
စမြဲဖြစ်သည် ၊ ထိုသူ၏လက်၌ သိုးအုပ်နွားအုပ်များသဖွယ် အဆတိုးပွားများပြား လာတတ်သော သဘော
ရှိပေသည် ။
၃ ။ ဓနဥစ္စာဟူသည်
ယင်းအား ဂရုတစိုက် ရင်းနှီးမြုပ်နှံမှုပြုသူ ၊ ကျွမ်းကျင်လိမ္မာသောသူတို့ ၏ အကြံဥာဏ်ကို
ရယူလုပ်ကိုင်သူများထံ၌သာ တွယ်ကပ်ခိုလှုံနေတတ်ကြသည် ။
၎ ။ ဓနဥစ္စာဟူသည်
မိမိလဲမကျွမ်းကျင် ၊ ကျွမ်းကျင်သူတို့ လည်း အားမပေးသောအလုပ်မျိုးတွင် ရင်းနှီးမြှုပ်နှံသောသူတို
့ထံမှ လျှောကျပျောက်ကွယ် သွားတတ်စမြဲဖြစ်သည် ။
၅ ။ ဓနဥစ္စာဟူသည်
ယင်းမှလွန်ကဲသောအမြတ်အစွန်းကို မျှော်မှန်းသူများ ၊ လူလိမ်လူညာတို့ ၏ ဖြားယောင်းသွေးဆောင်မှုနောက်
လိုက်နားယောင်တတ်သူများ ၊ အတွေ့ အကြုံနည်းပါးကာ
စိတ်ကူးယဉ်ယဉ်ဖြင့် မဆင်မခြင် ရင်းနှီးမြှုပ်နှံမှုပြုသူများထံမှ ရှောင်ခွာထွက်ပြေး
သွားတတ်စမြဲဖြစ်သည် ။
(ဖြစ်မြောက်
အောင်မြင်အောင် ဆောင်ရွက်ရန် အဓိဌာန်ပြတ်သားခိုင်မာပြီးဆိုက ယင်းအား အကောင်အထည်ဖေါ်ရန်
နည်းလမ်းမှန်ကို ရှာတွေ့ မြဲဖြစ်သည် ။)
မဟာဇနက ထုံးနှလုံးမူ၍ မလျှော့သော ဇွဲ လုံးလ သတ္တိဖြင့် ၊
တိုးတက်ကြီးပွားနိုင်ကြပါစေ
၊
သုခိ အတ္တာနံ ပရိဟရ န္တု ။
မောင်လှဝေ(ချမ်းမြေ့အောင်)က . ဆ
0 comments:
Post a Comment