Breaking News
Loading...
Sunday, May 20, 2012
Info Post
http://chanmyae.blogspot.com
By Hla Wai · Saturday, December 3, 2011
You can see a mountain too fine from fair.
But if you approach ,nearit you will see only rocks and trees there.
By Hla Wai · Tuesday, January 10, 2012
အဖေပြောသော အိပ်ယာဝင် ပုံပြင်( ၂ )
ကမ္ဘာဦး အစ တွင် လူသားများကို ဖန်ဆင်းရှင် နတ်မင်းကြီးသည် လိုတရနိုင်သော
ပဒေသာပင်နှင့်တွဲ၍ ကျိန်စာရှိသောသေတ္တာကို မဖွင့်ရန်ကတိပြု ဖန်ဆင်းလေသည်။
      လူသားများသည် ကမ္ဘာမြေပေါ်တွင် ပဒေသာပင်ကိုအမှီပြု၍ တဦးနှင့်တဦး
ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ အတူတကွ ပေါင်သင်း နေထိုင်ခဲ့သည် ၊လူသားတို့ 
ဆန္ဒဖြစ် ပဒေသာပင်သည် လိုလေသေး မရှိ ဖြည့်ဆ...
By Hla Wai · Sunday, February 19, 2012
Up and Down
      There is one thing solid and fundamental in politive's. The low of change.
      What's Up to day is Down tomorrow.
By Hla Wai · Tuesday, March 13, 2012
အတ္တာ ဟိ အတ္တနော နာထော။
မိမိကိုယ် သာ ကိုးကွယ်ရာ။
အဖေပြောသောအိပ်ယာဝင်ပုံပြင်(၅)စိတ်ဒိုင်ယာရီ
by Hla Wai on Wednesday, March 14, 2012 at 6:38am ·
နိုင်ငံရေးသမားဆိုတာ နွားနဲ့ တူတယ်နွားဟာ ထယ်ထိုးထွန်တိုက်ပြီး
 ကောက်ရိုးပုံ(အစီးအပွါး)ရှာရတယ်  ကောက်ရိုးဟာ နွားအစာဖြစ်လို့ 
 နွားမစားနိုင်အောင်  ကောက်ရိုးပုံ စောင့်ဖို့ ခွေးကိုထားရတယ် ခွေးရဲ့
 တာဝန်ဟာ ကောက်ရိုးကို နွားမစားရေး ကျုးကျော်သူ  ခိုးသူ ရန်က
 ကာကွယ်ရေး ဖြစ်တယ်။   ခွေးဟာကာကွယ်သူနဲ့ တူတယ်  ရန်အားလုံး
 ကာကွယ်ရလို့ ရှိသင့်တယ်။    ကြာလာတော့ ခွေးဟာ ကောက်ရိုးကို
 စားကြည့်မိတော့ ကောက်ရိုးဓါတ်ဟာ ရင်ကိုအေးစေတယ် အားကိုဖြစ်
 စေတယ် မစင်ဟာရင်ပူစေတယ်အဟာရ မဖြစ်ဖူးလို့ အသိဝင်ချိန်မှာ
 ခွေးဟာ ဖေါက်ပြန်သွားရတယ်။
                ကောက်ရိုးနဲ့ တူတ့ဲအာဏာ (အစီးအပွါး) ဟာ စားမိရင်
 ဖေါက်ပြန်စေတတ်တယ်။ 
By Hla Wai · Sunday, March 18, 2012
ဘ၀ဆိုတာ ရယူခြင်းမဟုတ် ပေးဆပ်နေရခြင်း ဖြစ်သည်။
အဖေပြောသောအိပ်ယာဝင်ပုံပြင်( ၇ )စိတ်ဒိုင်ယာရီ
by Hla Wai on Friday, March 23, 2012 at 12:29am ·
  ဦးမာဃ၏ပရိတ်   ထုံးနှလုံးမူသင့်သောနိုင်ငံရေးသ္မား။
ဇာတ်တော်ကား ကုလာဝကဇာတ် (ဇာ၊ဋ္ဌ-၁၊၂၁၄)ဖြစ်ပါသည်။အတိတ်ဇာတ်လမ်းမှာ အများ
သိနေသော သကြားလောင်း မဃဇတ်လမ်းဖြစ်ပါသည်။ မဃကိုလည်း  (အရပ်ခေါမာဃ)
လူမှုဝန်ထမ်း သန့် ရှင်းရေးသ္မားဟုသာ လျှမ်း၍  နားလည်ထားကြဟန်တူပါသည်။
     အကျဉ်းချုပ်အားဖြင့် မာဃလုလင်နှင့် အပေါင်းအပါလူ ၃၃-ဦးတို့ ကိုမြို့ ဝန်ကြီးက
ကုန်းချောကာ ရှင်ဘုရင်က ဆင်ဖြင့်နင်းသတ်၍ မသေသော အကြောင်းဖြစ်ပါသည်  ။
ဆင်ဖြင့်နင်းသတ်စေရာ၊မေတ္တာပွားပို့  နေကြသဖြင့် ဆင်များမနင်းဝံ့ကြ၊သို့ နှင့် တစ်စုံ
တစ်ရာ ဆေးဝါးအဆောင် ရှိ,မရှိစစ်ဆေးရာ မည်သည့် ဆေးဝါး အဆောင်ကိုမျှ မတွေ့ ရ။
တစ်ဖန် မည်သည့်မန္တန်များ ရွတ်ဖတ်ကြကြောင်း ဆက်လက်စုံစမ်းစေရာ အလောင်းတော်
မဃလုလင်က-
       “မှန်လှပါ အရှင်မင်းကြီး ကျွန်တော်မျိုးတို့ မှာ အခြားမန္တန်ဟူ၍ သီးခြားမရှိပါ။ကျွန်တော်
မျိုးတို့ ၃၃-ဦးစလုံး သူ့ အသက်ကိုမသတ်ကြပါ။သူ့ ဥစ္စာကိုမခိုးကြပါ။သူ့ အိမ်ရာကို မကျုးလွန်
ကြပါ။လိမ်လည်မပြောကြပါ။သေရည်သေရက် မသောက်စားကြပါ။သတ္တ၀ါအားလုံးအပေါ်
မေတ္တာစိတ်ထားကြပါသည်။(မေတ္တာပွားပို့ ကြပါသည်) အလှုအတန်း လည်းပေးကြပါသည်။
လမ်းများကို ရှင်းလင်းသုတ်သင် ဖေါက်ထွင်းညှိခင်းကြပါသည်။ ရေတွင်း ရေကန် တူးကြ
ပါသည်။ တည်းခိုဇရပ်များဆောက်လုပ်ကြပါသည်။
     “ဤအရာအားလုံးသည်ပင် ကျွန်တော်မျိုးတို့ ၏ မန္တန်ဖြစ်ပါသည်။’ပရိတ်လည်း ဟုတ်
ပါသည်။ကြီးပွားရေးတရားလည်း မည်ပါသည်”ဟု သံတော်ဦးတင်လိုက်ရာ အသက်ဘေး
မှ ချမ်းသာရာရကြ သည့်အပြင် ဆုလာတ်များပါ ခံယူကြရလေသည်။
     ‘ပရိတ်’ဟူသည် ကျက်မှတ် ရွတ်ဖတ်ရုံသာလော၊ပရိတ်သည် ငါ၊ ငါပင် ပရိတ်ဖြစ်အောင်
မည်သို့ လိုက်နာဆောင်ရွက်သင့်ပါသနည်း။
     ဤယနေ့  အများစု နားလည်ကျင့်သုံးလျှက်ရှိသော ပရိတ်အဓိပ္ပယ်တွင်  ဘုရားအလောင်း
တော်ကိုယ်တိုင် လက်တွေ့ လိုက်နာ အောင်မြင်ခဲ့သော ထုံးကိုနှလုံးမူာကရန်ဖြစ်ပါသည်။
   “ပရိတ်တော်” ဆိုသည်ကို ခြုံငုံသုံးသပ်၍ အနှစ်ချုပ် ထုတ်ယူပါက သတ္တ၀ါအများ ဘေးရန်
ကင်းကွာ ချမ်းသာကောင်းစားရေးအတွက် ကိုယ်နှုတ်နှလုံး သုံးပါးလုံး အပြည့်အစုံ ကျင့်သုံး
လိုက်နာကြရန်ပင် မဟုတ်ပါလော။
                     နိုင်ငံရေးသီလနှင့်နိုင်ငံရေးသစ္စာ ခံယူချက်ထားနိုင်မှ၊
 ဓမ္မာစရိယဦးဌေးလှိုင်   ဓမ္မဒူတ(သီလကထာ)ဖြင့်
အကယ်၍
by Hla Wai on Friday, March 23, 2012 at 12:44am ·
IF…
အကယ်၍
မင်းအသိုင်းအ၀ိုင်းက
တုန်လှုပ်ချောက်ချားပြီး
ဒါတွေဟာ မင်းကြောင့်လို့ 
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ ခေါင်းအေးအေးနဲ့ 
ရင်ဆိုင်နိုင်မယ်ဆိုရင်. . .။
အကယ်၍
အားလုံးကမင်းကို
မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ ကို နားလည် စွာ ခွင့်လွှတ်ရင်းနဲ့ 
မင်းကိုမင်း
ယုံကြည်မူ အပြည့်ရှိမယ်ဆိုရင်. . .။
အကယ်၍
စောင့်သင့်တဲ့ အချိန်ကို စောင့်နိုင်ပြီး
အဲဒီ အတွက်လည်း
မမော မပန်းနေနိုင်မယ်ဆိုရင်. . .။
ဒါမှမဟုတ်
မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ 
မတုံ့ ပြန်ဘူးဆိုရင်. . . ။
ဒါမှမဟုတ်
မင်းကို လူတကာက
ဝိုင်းဝန်းမုန်းတီးတဲ့အခါ
မင်ဟာအမုန်းတွေ
ပြန်မပွားဘူးဆိုရင်. . . ။
ပြီးတော့
မင်းကိုယ်မင်း
လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိစကားတွေလည်း
မပြောဘူးဆိုရင်. . . ။
အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ်မလွမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင်. . . ။
အတွေးအခေါ်စိတ်ကူးတွေဟာ
မျှော်မှန်းချက်
သက်သက်သာမဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင်. . . ။
အကယ်၍
အောင်မြင်မှုသုခနဲ့ 
ဆုံးရှံးမှုဒုက္ခတွေကို ကြုံတွေ့ ရတဲ့အခါ
တူညီသော
လောကဓံတရားတွေပါလားရယ်လို့ 
ခံယူထားနိုင်မယ်ဆိုရင်. . . ။
အကယ်၍
လူလိမ်လူညစ်တွေက
လှည့်စားပြောင်လဲပြီး
မုသားအဖြစ်ထောင်ချောက်ဆင်
ညစ်တဲ့အခါ
မင်းဟာတည်ငြိမ်စွာနဲ့ 
နာကြားနိုင်မယ်ဆိုရင်. . . ။
ဒါမှမဟုတ် မင်းဘ၀တစ်ခုလုံးပေး ပြိး
အရိပ်တကြည့်ကြည့်
ဖြည့်ဆည်းခဲ့ရတဲ့
အရာရာကို
ဖျက်ဆီးခံလိုက်ပြီးတဲ့နောက်မှာ
အင်မတန်မှ သေးငယ်တဲ့
တန်ဆာပလာအရာရာနဲ့ 
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်. . . ။
အကယ်၍
မင်နိုင်ခဲ့သမျှ တွေအားလုံးဟာ
ကြွေတစ်လှည့်ကြက်တစ်ခုန်ပမာ
တစ်လှည့် တစ်ခါတည်းနဲ့ 
ဆုံး ရှုံးသွားခဲ့ရင်. . .
ပြီးတော့
အစကနေ ပြန်စ နိုင်မယ်ဆိုရင်. .
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ ကြမ္မာရယ်လို့ 
ဘယ်သောအခါမှ
ညည်းညူမနေဘူးဆိုရင်. . .။
အကယ်၍
သူများတကာလုပ်ပြီးသွားကြလို့ 
အချိန်အတ်ာကြာမှ
မင်းအလည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ ပဲ
အားနဲ့ မာန်နဲ့ 
ဇွဲသတ္တိရှိရှိ
ဆက်ကြိုးစားနိုင်မယ်ဆိုရင်. . .
အဲဒီ လိုပဲ
မင်းမှာစိတ်အင်အားကလွဲလို့ 
ဘာဆိုဘာမှမရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ ပဲ
ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်. . . ။
အကယ်၍
လူတွေနဲ့ 
ကိုယ်ကျင့် သိက္ခာကို
စောင့်ထိန်းနိုင်မယ်ဆိုရင်. . . ။
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့ အတူ
လမ်းလျှောက်နေရပေမယ့်
မာန်မာနသွေး မကြွဘူးဆိုရင် . . . ။
အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်ပြီးနာကြည်းအောင်
မလုပ်နိုင်စေရင်. . . ။
အကယ်၍
လူတိုင်းကို
တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ
ထားမနေဘူးဆိုရင်. . . ။
အကယ်၍
တိုတောင်းလှတဲ့
မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိလှတဲ့
စက္ကန့် ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်. . . ။
ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့၊အရာရာဖြစ်တဲ့
ကမ ၻာၾကီးကို ဆုပ္ကိုင္လို ့
အရာရာ ဘာမဆို
မင်းစွမ်းနိုင်ပြီးပေါ့. . . ။
အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်း
တစ်ယောက်ပဲပေါ့ . . .။
              ကဗျာဆရာ    Rudyard Kipling /
            ဘာသာပြန်      ဒေါ်အောင်ဆန်စုကြည် 
ညီညီညွတ်ညွတ်နဲ့ တောင့်ခံပါ
by Hla Wai on Saturday, March 24, 2012 at 9:56am ·
                     ညီညီညွတ်ညွတ်နဲ့ တောင့်ခံပါ
         (၁၉၄၇)-ခုနှစ်၊ဧပြီ လအတွင်း တောင်တွင်းကြီးမြို့  ရွှေအင်း
တော်ဘုရားတွင် ပြောကြားသည့်မိန့် ခွန်းမှ၊
     အခု အချိန်ဟာ သိပ်အရးကြီးနေတယ်။ အင်္ဂလိပ်ဟာ စစ်နိုင်တဲ့                                                                      တိုင်ပြည်အဖြစ်နဲ့ အပြင်ဘမ်း ကောင်းနေပေမဲ့၊စီပွားရေး အခြေအနေ
အတွင်း ကြေကြေနေတယ်၊အရင်စစ်မဖြစ်မီက အင်္ဂလိပ်ဟာ မြီရှင်၊
ကုလားက မြီစား၊အခု အင်္ဂလိပ်က မြီစား၊ ကုလားက မြီရှင်ဖြစ်နေတယ်။
အခုလို စီးပွားရေး အခြေအနေအရ၊အင်္ဂလိပ်မှာ အကျပ်ရိုက်နေတုန်း၊
ကျုပ်တို့ က လွတ်လပ်ရေးအမြန်ရအောင် လုပ်ယူရမှာဘဲ။လွတ်လပ်ရေး
ရဘို့  မရဘို့ က ခင်ဗျားတို့ အပေါ်မှာ တည်တယ်။ ခင်ဗျားတို့ ကသာ
ညီညီညွတ်ညွတ်နဲ့ တောင့်ခံနိုင်ရင် လွတ်လပ်ရေး ရမာဘဲ။
     အခု ဗမာပြည်မှာ ချင်း၊ ကရင်၊ ကချင်၊ ရှမ်း ဆိုတာတွေနဲ့ ဗမာတွေနဲ့ 
ညီညွတ်နေကြပြီး၊ ဒါပေမဲ့ ဗမာအချင်းချင်းဖြစ်တဲ့ စားဘားကြီးတွေဟာ
ကျုပ်တို့ နဲ့  မညီညွတ်နိုင်ဘဲ၊ ကျုပ်တို့ ကိုကလန်ကဆန် လုပ်နေတယ်။
 သူတို့ ဟာ အရင် မင်းတိုင်ပင် လုပ်ဘူးလို့  ၊ ကောင်းမှန်းသိ-သာအိ
သိရတယ် ။ အဲဒီတော့ ကျုပ်နောက်ဆုံး တိုတိုဘဲပြောလိုက်မယ် ။ခင်ဗျား
တို့  ကျွန်သက် တိုချင်ရင် ဗဆပလ အဖွဲ့ ဝင်တွေကိုမဲပေးကြ။ ကျွန်သက်
ရှည်ချင်ရင် အခုနက ပြောတဲ့ စားဖားကြီးတွေကိုဘဲ မဲပေးကြပေတော့။
  (    ဒါကြောင့်ယ္ခုလည်း  )   ????????
                 NLDကိုမဲပေးကြပါ……….
          ဗိုလ်ချုပ်အောင်ဆန်း၏ မမေ့နိုင်သောမိန့် ခွန်းများ
By Hla Wai · Thursday, March 29, 2012
Right is Might or Might is Right ?
By Hla Wai · Tuesday, April 10, 2012
နိုင်ငံရေးဟာသ.....
     xxxxxအစည်းတွင်( ဥ-၁     )         ပြည်သူလူထုထိရင် ဒို့ မခံဖူးဟေ့
                                  (   ၂       )       ဒို့ ခံရင်ဘယ်သူ  ခံမလဲး
                                   ( ဥ -၁  )         ပြည်သူခံ
0 comments: