Breaking News
Loading...
Monday, May 27, 2013

Info Post
http://chanmyae.blogspot.com


 Hla Wai
ရင်ကိုလူပ်ခပ်စေသောလိုင်း
ကျနော့ မြို့ ကအပြန် ကားလေးပေါ်သားအမိနှစ်ယောက်ထိုင်နေစဉ်သူငယ်ချင်းကလာနှုတ်ဆက်တော့
သူငယ်ချင်းအခြေအနေလို့ မေးတော့ ကုလားထိုင်လုတဲ့အကြောင်းတွေပြောတာနားထောင်ရင်းကား
ထွက်တော့နှုတ်ဆက်ခဲ့တယ်။ ကျောင်းအရှေ့ ရောက်တော့ကျောင်းသားကျောင်းသူ နှစ်ယောက်တက်လာပီး စာတွေတွတ်ထိုးသံက ဆူညံလိုက်တာ ဖရဲသီး၁၀၀ိတန်တစ်စိတ် စားရရင်သိပ်ကောင်းမှာဘဲလို.ကလေးမလေးကဆာလောင်မွတ်သိပ်စွာညည်း။ ကောင်လေးက ဖြေနိုင်လားလို့  ကပ်ပြီးမေး..အင်းတဲ့
ကောင်မလေးက ကောင်လေးကိုနင်ကြိုးစားနော်။ ငါတို့ တက္ကသိုလ်အတူတူ တက်နိုင်အောင်နော်.……..
စပယ်ယာက" နတ်စမ်းပါလား ။နောင်လုံပါလား။"မေးတော့ကလေးတွေနောင်လုံပါတယ်လို့ ကားခပေး။
ကျနော့ စိတ်တွေကဝေးသွားလိုက်နီးလာလိုက်နဲ့ ။ကားကညိမ့်သွားတော့ဆရာမတစ်သိုက်ကား
ပေါ်တက်လာတယ။် နေရာတွေရွှေ့ ပေးပီးလို့ အထိုင်ကျသွားတော့စကားသံတွေကကျနော် အာရုံ
မှာကြားလာပြန်တယ်။ ဒီကျောင်းလေးရအောင်မနည်းးလုပ်ခဲ့ရတာ။ ဒါတောင်အိမ်နဲ့ ကျောင်း ကား
စီးပြီးသွားပြန်လုပ်နေရတာ။ မိုးတွင်းဆိုရင် အိမ်ကနေကားဂိတ်ရောက်အောင် ကားကတဆင့်စီး တော့ တလ ငါးသောင်းလောက်ကုန်တယ။် ဒါပေမဲ့လည်း အမေ့နားမှာနေရတာ ကူဖော်ရတာနဲ့  ကျေနပ်တယ်………..တဲ့။ ကားဆရာရဲ့ အသံက"တောင်ဝိုင်းလမ်းဆုံပါလား" ဆိုတော့ မှ့ ကျနော့ 
အာရုံက "အော်ငါဆင်းရမဲ့မှတ်တိုင် တောင်ရောက်ပါပေါ့လား"လို့ အာရုံကိုယ့်အပေါ်ပြန်ရောက်တယ်။
"ပါတယ်"ပြောရင်း အထုပ်ကလေးဆွဲ လို့ သားအမိနှစ်ယောက်သား ကားကြီဝင်းခရီးဆက်ခဲ့။
အဝေးပြေးကားကြီးပေါ်တက်ခါနီးအမေ့ကိုလမ်းဘေးထိုင်ကန်တော့ပီး ကားပေါ်တက် လို့ နှုတ်ဆက်။
ကားကြီးငြိမ့်လို့ ထွက်သွားပေမဲ့ကျရင်မှာတော့ ထန်းပင်ထန်းလက်ထန်ရွက်တွေ စီတန်းနေတဲ့ကား
လမ်းကအသံတွေကနားထ။ဲနှလုံးသားထဲ။ရင်ထဲ။ …………………….ရင်ကိုလှုပ်ခတ်ဆဲ ~~~

0 comments: