Breaking News
Loading...
Monday, May 6, 2013
Info Post
http://chanmyae.blogspot.com
တင်မိုး-ပုဂံကျောင်းကခေါင်းလောင်းသံ
*** ပုဂံကျောင်းကခေါင်းလောင်းသံ***
ပုဂံကျောင်းက
ရွှေဒေါင်းတောင်ကျိုး၊ကလောင်ရိုးဖြင့်
ထိုးလိုက်ပါတဲ့ ခေါင်းလောင်းသံ။
နေရီချုပ်မိုး ၊ ခေါင်းလောင်းထိုးလည်း
ညိုးညိုးမညံ ၊ တိုးတိုးသံ ။
ပုဂံအတိတ် ၊ ပုဂံရိပ်ကို
ကားလိပ်တင်မ ၊ ပွဲးခင်းပြသို့ 
ကြွပါကြည့်ပါ ၊ ဆင်ခြင်ပါဟု
ပြလာသေးဟန် ၊ ရှေးပုဂံ ။
တိုးတိုးမြည်ဟန် ၊ ခေါင်းလောင်းသံကား
ပုဂံနိမိတ် ၊ ပုဂံစိတ်ဟု
စိတ်နေမြင့်မြတ် ၊ စိတ်ဓါတ်မြင့်မား
စိတ်ထားမြင့်မို ၊ စိတ်လိုမြင့်မာန်
စည်ကြီးသံ ။
ပုဂံတရား ၊ ပုဂံသားတို့              
တရားကိုချစ် ၊ ဓားကိုချစ်ခဲ့
အသစ်တည်ထောင် ၊ နိုင်ငံအောင်ဖို့ 
ရွက်ဆောင်ခဲ့ကြ အားနှင့်မာန် ။
ပုဂံကျောင်း၏
တောင်စောင်းတောင်ထိပ် ၊ စေတီရိပ်က
တိုးတိတ်ညင်သာ ၊ ထိုးခတ်လာသော
ကဗျာငြိမ့် ညောင်း ၊ ဤခေါင်းလောင်းကြောင့်
ကောင်းမှုတွေနိုး ၊ ကောင်းမျိုးတွေဝေ
ကောင်းစေစိတ်သန် ၊ အဓိဌာန် ။
အားလုံးနိုးဖို့ 
ထိုးလိုက်ပါတဲ့ ခေါင်းလောင်းသံ ။
0 comments: