http://chanmyae.blogspot.com
Hla Wai
သောင်း ဟိန်း shared ငရဲ သား's photo.
ငရဲ သား
ဆရာကြီး ဒဂုန်တာရာ
အသက် နှစ်ဆယ်မှာ စတင်ရေးသားပြီး ...၈-၈-၁၉၄၁ မှာ စတင် ထုတ်ဝေခဲ့တဲ့ .... မေ၀တ္ထုကို သခင်ဗဟိန်းက အမှာစာရေးရာမှာ....
ရှန်ပိန် သောက်သလို .. ရှိန်းကနဲ ..ဖိန်းကနဲ ... ဖြစ်သွားတယ်....တဲ့..။
ထိုစာအုပ် ထွက်ပြီး နှစ်ပေါင်း ငါးဆယ်ကျော်အကြာ ...
လွန်ခဲ့တဲ့ .. နှစ်နှစ်ဆယ်ကျော်
ကျွန်တော် ဆယ်ကျော်သက် ဘ၀တုန်းက မှာ မဂဇင်း အခန်းဆက်အဖြစ် ..
ပထမဆုံး ... ဖတ်ဖူးခဲ့ချိန်မှာ ....
မိန်းမတစ်ယောက်ရဲ့ အချစ်၊ ယုံကြည်ကိုးစားမှု၊ လိုချင်တပ်မက်မှုနဲ့ Sex/Money စတာတွေ ..
ယနေ့ခေတ် .. sponsor ပုံစံတွေရဲ့ မြစ်ဖျားကို .... ပထမဆုံး ရင်ခုန်ကျွမ်းဝင်လာမိတာ အမှန်ပါပဲ..။
အဲဒီခေတ် စာပေအရေးအသားတွေထဲက ...
အခုအချိန် ... နှစ် ခြောက်ဆယ်ကျော် ခုနှစ်ဆယ် ကြာသည်အထိ .. မရိုးနိုင်တဲ့ ...
ဖောက်ထွက်ပြောင်မြောက်တဲ့ တင်စားရေးသားမှုတွေကြားမှာ..
မေ ပေါင်းများစွာ ...။ မေ နဲ့မတူသော်လည်း မေ ကဲ့သို့ ဘ၀ပေါင်းများစွာဟာ ....
လွတ်လပ်ရေးမရခင်ကနေ ..လက်ရှိအချိန်အထိ .. လှည့်လည် လည်ပတ် ကျင်လည် နေခဲ့တာကိုလည်း ... အရွယ်ရောက်ချိန်မှာ .... သုံးသပ်မိပါရဲ့ ...။
ပထမဆုံး ဖတ်ဖူးတဲ့ အဲဒီ တစ်ပုဒ်ထဲနဲ့ ... ဆရာကြီးကို အရမ်းလေးစားခဲ့တယ်...။
အရွယ်ရောက်လာချိန်မှာ ..
သက်ရှိထင်ရှားရှိနေဆဲ့ ရှေ့မီနောက်မီ တကယ့် သမိုင်း မော်ကွန်းထိုးရမယ့် စာပေ၊ ဂီတ အနုပညာရှင် ဘက်စုံထူးချွန်သူအဖြစ်နဲ့လည်း ပိုမို လေးစားမိခဲ့ပါတယ်..။
မဟာဂီတကို ကိုငှက်ကြိးက ဆရာကြီးဆီက နည်းနာခံပြီး ဆွေးနွေးနေတာကို ကြားမိခဲ့တော့လည်း ပိုလို့တောင် လေးစားမိခဲ့ပါတယ်..။
ပထမဆုံး ဆရာကြီးနဲ့ ထိတွေ့ခွင့်ရတဲ့ ..ဆရာကြီးရဲ့ မေ ၀တ္တုကို ပြန် မျှဝေရင်းနဲ့ပဲ ..။
ဆရာကြီကို ..ကန်တော့လိုက်ပါတယ်..။
======================================================
ဆရာကြီး ဒဂုန်တာရာ၏ မေ ၀တ္ထုအား အောက်ပါ link တွင် download ရယူနိုင်ပါသည်..။
http://www.mediafire.com/download/gjtvz26pqz4yv31/ဒဂုန်တာရာ+-+မေ.pdf
0 comments:
Post a Comment