Maha Mingyi with Zawzaw Zaw and 20 others
တနိုင်ငံလုံးအတွက် ဆေးစွမ်းကောင်း တစ်လက် ပေးမယ်
(အတွေးခေါ် ဆောင်းပါးတို)
ယနေ့ တိုင်းပြည်မှာ တတ်နိုင်သူ အတော်များများက အွန်လိုင်းတက်နိုင်နေကြပြီ အဲဒီအွန်လိုင်းဆိုတာကြီးကလဲ သူတို့အတွကမဟုတ်ပဲ သူတို့အတွက် သူတို့ဖွင့်ရင်းကနေ တသီးတခြား သူတို့ပဲ သုံးနေ လုပ်နေလို့မရလို့ ၀န်ဆောင်မှုအတွက် ပြည်သူတွေကိုပါ ချပေးတာပါ…
တလောက မိတ်ဆွေ တစ်ယောက်က ပြောတယ် အခုဆို အစိုးရက အွန်လိုင်း အသုံးပြုခွင့်တွေ ပေးလာတာ ပြော့ပြောင်းတဲ့ သဘောမဟုတ်ဘူးလားတဲ့…
စာရေးသူက ပြန်ပြောပါတယ် www dot ကြီးကို သူတို့ကြီးပဲ သုံးလို့ မရလို့ပါဘူး နိုင်ငံတကာမှာ သံရေ တမန်ရေး အပြင် အခုဆို စီးပွားရေး စစ်ရေး ကုန်သွယ်ရေး လမ်းပမ်းဆက်သွယ်ရေး အားလုံးက အွန်လိုင်းက ဆက်သွယ်တော ငွေပေးတာ ငွေယူတာ ငွေ အပ်နှံတာ ပစ္စည်းမှာယူတာ ရာဇ၀တ်မှု စုံစမ်းတာ နည်းပညာ ရှာဖွေတာ ပညာရေး ကိစ္စ ဆောင်ရွက်တာ အားလုံးက အွန်လိုင်းမှာပဲ ပြည့်စုံသလောက် ရှာလို့ရနေတာမို့ မြန်မာအစိုးရကလဲ သူတို့ ခိုးထားသမျှ တိုက်ထားသမျှတွေထဲက အချို့ကို ပြန်ပြီး ရင်းနှီးမြုပ်နှံနေချင်တာ သိမ်းဆည်းထားချင်တာ ရောင်းဝယ်ချင်တာ စသဖြင့် အွန်လိုင်းပ သတင်းအချက်လက်တွေကို ရှာရ ဖွေရ မေးရ မြန်းရ ဆိုတာ ရှိနေတော့ သူတို့ကြီးပဲ သုံးမယ်ဆိုရင် ၀န်ဆောင်မှု စရိတ်က အလွန်ကြီးတယ် တပ်မတော် တနှစ်သုံးစာလောက်ကို ပေးရမှာ (တနှစ်) အတွက်ပေါ့…
.နောက်ပြီး သူတို့က နိုင်ငံတကာကို ၀ါဒဖြန့်ဖို့ ဆိုတဲ့ လောဘကြီးကလဲ ရှိသေးတော့ နိုင်ငံတကာနဲ့ တိုက်ရိုက်ချိပ်ဆက်ပေးနိုင်တာက အွန်လိုင်းပါပဲ….ဒါကြောင့် စာရေးသူ ပြောပါတယ်ကျေးဇူးတင် မစောပါနဲ့အုံးလို့….အကြောင်းက အွန်လိုင်းဖွင့်ပေးတာ ကွန်ပျူတာတွေမှာရော ဖုန်းတွေမှာပါ သုံးစွဲလို့ ရနိုင်နေကြပေမယ့် ခွင့်ွှပြုချက် ဘောက်ကျော်လွန်၍သော်၎င်း ခွင့်ပြုချက်များမရရှိပဲ အသုံးပြု၍သော်၎င်း ခွင့်ပြုသတ်မှတ်ထားသော ပစ္စည်းအမျိုးစားများ မဟုတ်၍သော်၎င်း အီလက်ထရာနစ် ပုဒ်မ (၃၃ ) ကို ယနေ့ထိ မဖျက်သိမ်းသေးပဲ သုံးခွင့်ွှ ပြုထားတာမို့ လိုအပ်လျင် လေထဲက စွန်ကို ရစ်ဘီးလှည်ပြီး ပြန်ရစ်ယူလိုက်သလိုမျိုး လုပ်ထားတာကို သတိပြုချင်ပါတယ်။
ဘာပဲ ပြောပြောပါ အစိုးရက ရှိလှ လူပေါင်း (၁၀၀) သို့မဟုတ် တစ်ထောင်ပေါ့ဗျာ… အခု မြန်မာပြည်မှာ အွန်လိုင်းသုံးနေတာ လူပေါင်း နှစ်းသန်း လေးသိန်းကျော် ရှိပြီလို့ အွန်လိုင်း Google ရဲ့ မှတ်တမ်းမှာ ပြဆိုလာပါတယ်။
စာရေးသူ အဲဒီကိစ္စသိသွားခွင့် ဒီကနေ့ပဲရလို့ အရမ်းဝမ်းသာသွားတယ်
အကြောင်းက
စာရေးသူ အဲဒီကိစ္စသိသွားခွင့် ဒီကနေ့ပဲရလို့ အရမ်းဝမ်းသာသွားတယ်
အကြောင်းက
(၁) တူနီးရှား သမ္မတ ဘန်အာလီ သူခိုးကို ပန်းသီးသယ်လေး ကိုယ့်ကို ကိုယ် မီးရှို့သတ်သေပြပြီး အွန်လိုင်းပေါ်တက်လာတဲ့ Massage ကြောင့် ဘန်အာလီ ဖနောက်နဲ့ တင်ပါးတသားတည်းဖြစ်အောင် တိုင်းပြည်က ထွက်ပြေးခဲ့ရတယ်
(၂) ပြီးတော့ အီဂျစ်က ဟူစနီ မူဘာရပ်ရဲ နှစ်ပေါင်း (၅၀) ကျော်ကြာ ကောက်ကျစ်မှုတွေကို အွန်လိုင်းမှာ အသေးစိတ်တင်လာပြီး များမကြာခင်မှာပဲ ကိုင်ရိုက အထိကရုန်းနဲ့ ဘုန်းဘုန်းလဲသွားခဲ့တယ်…
(၃) လစ်ဗျားက လူသားစားဘီလူးလို့ ကမ္ဘာမာမှာ နာမည်ကျော်တဲ့ (ကဒါဖီ) ကို ပထမဆုံး ဘန်ဂါဇီက နည်းပညာ ဒုတိယနှစ်ကျောင်းသားလေးက ဘန်ဂါဇီ အထိကရုန်းကို အွန်လိုင်းကနေ စတင်ပြီး လှုပ်ဆော်ပေးခဲ့လို့ နောက်ဆုံး မစင်အပုတ်ထွက်တဲ့ မြောင်းထဲကို ကဒါဖိ ၀င်ပုန်းပြီး တပ်ပေါင်းစု သူပုန်တွေရဲ့ လက်ချက်နဲ့ နိတ်တိတံစေ ခဲ့သတည်း ဖြစ်ခဲ့ရတယ်…..
(၄) အွန်လိုင်းရဲ့ကောင်းမှုကြောင့် မြစ်ဆုံမှာ သူပုန်ထကြတဲ့ မြန်မာ စစ်ဘူစွာနဲ့ ခရိုနီတွေ ရှေ့ဆက်မတိုးနိုင်တော့ပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Save The Irrawaddy ဆိုတဲ့ စာတန်းနဲ့ ကမ္ဘာတ၀ှမ်းလုံးရော မြန်မာ တ၀ှမ်းလုံးရော သိပ့်သိပ့်တုန် ရင်ခုန် စိုးရိမ်ပြီး ပူးပေါင်းခဲ့ကြတာမို့ ခုတော့ ခန ရပ်နားခြင်း ပြုထားတဲ့ အခြေနေကို ရောက်ခဲ့ရတယ်
(၅) အွန်လိုင်းရဲ့ သမမာဓိအားကြောင့် မီးလောက်ဗုံး ထိသွားတဲ့ သံဃာတွေကို အစိုးရက ၀န်ချတောင်ပန်ပွဲ ( အတု)တခါ အစစ် တစ်ခါ နှစ်ခါတောင်လုပ်ခဲ့ကြရတယ်
(၅) အွန်လိုင်းရဲ့ သတ္တိကြောင့် နာက်ဆုံးဗျာ ….အလွတ်သတင်းထောက် ကိုပါကြီး မြေပေါ်ပြန်ရောက်ပြီး ရေဝေးကို သိက္ခာတပွေ့တပိုက်နဲ့ အသတ်ခံခဲ့ရလင့်ကစား သေသူတွေရဲ့ အနားယူသင့်တဲ့ နေရာကို အခွင့်ရေးတခုအနေနဲ့ ပြန်ရောက်ခွင့် ရသွားခဲ့တယ်
(၆) တိတိပပ ဆိုရလျှင်တော့ လက်ရှိ သမ္မတရုံးက သမ္မတရဲ့ ပြောရေး ဆိုရေးခွင့်ရှိသူ အပြင် ပြန်ကြားရေးဝန်ကြီးလဲ ဖြစ်နေတဲ့ ဦးရဲထွဋ်က တချိန်က မီဒီယာ သုံးလေးခုမှာ ကလောက်လေး သွေးရင် မိသားစုအရေး ဖြေရှင်းခဲ့ရတာကို ဦးရဲ့ထွဋ်ကို ဒဲ့မေးပါ သူမလိမ်လောက်ပါဘူး…
ဖေါ်ပြရရင် မီဒီယာ အွန်လိုင်း စတာတွေရဲ့ ထိရောက်မှုက များလွန်းနေတာမို့ ဆောင်းပါး ရှည်ကြီး တပုဒ်လောက်နဲ့တောင် အတောသတ်နိုင်မှာမဟုတ်လို့ပါ....
ဖေါ်ပြရရင် မီဒီယာ အွန်လိုင်း စတာတွေရဲ့ ထိရောက်မှုက များလွန်းနေတာမို့ ဆောင်းပါး ရှည်ကြီး တပုဒ်လောက်နဲ့တောင် အတောသတ်နိုင်မှာမဟုတ်လို့ပါ....
အနှစ်အားလုံးကို ချုပ်ပြရရင်တော့ မီဒီယာက အစိုးရရော ပြည်သူကိုပါ ဟတ်ထိတယ်ဗျ…ဟတ်ထိအောင် လုပ်ဖို့တော့ လိုမယ်ထင်ပါတယ် ….အဘယ်ကြောင့်လဲဆိုတော့ ၂၀၁၅ ဖိုင်နယ် စိန်ခေါ်ပွဲက အွန်လိုင်းသုံးသူ အားလုံးကို စိန်ခေါ်ပြီး စောင့်နေလို့ပဲ...
မခက်ပါဘူး အွန်လိုင်းသုံးလို့ရတာနဲ့ မိမိလဲ ကမ္ဘာကျော်လောက်တဲ့ သတင်းထောက် သတင်းသမားကြီးတစ်ယောက် ချက်ခြင်း ဖြစ်နိုင်နေပြီလေ…
ဒါကြောင့် သတင်းအတွက် နည်းပညာဆေးစွမ်းကောင်းလေးပေးလိုက်မယ်
သတင်းမှာ (W) ငါးလုံးနဲ့ (H) တလုံး ပါအောင် တင်ပြလျှင်ကို သတင်းက အတော်ကြီးကို ခရီးရောက်ပြီ
သတင်းမှာ (W) ငါးလုံးနဲ့ (H) တလုံး ပါအောင် တင်ပြလျှင်ကို သတင်းက အတော်ကြီးကို ခရီးရောက်ပြီ
(၁) Who ဘယ်သူက
(၂) When ဘယ်အချိန်မှာ
(၃) Why ဘာကြောင့်
(၄) What ဘယ်အရာကို
(၅) Where ဘယ်နေရာမှာ
(၆) How ဘယ်ကဲ့သို့ ပြုမှု လုပ်ဆောင်ပါသလဲ ဆိုတာကို အစီစဉ်လိုက် ထည့်သွင်းဖေါ်ပြ နိုင်ပါလျင် အွန်လိုင်းသုံးသူတယောက် သတင်းလောကမှာ လေးစားလောက်သူ ဖြစ်လာပေတော့မည်။
(၂) When ဘယ်အချိန်မှာ
(၃) Why ဘာကြောင့်
(၄) What ဘယ်အရာကို
(၅) Where ဘယ်နေရာမှာ
(၆) How ဘယ်ကဲ့သို့ ပြုမှု လုပ်ဆောင်ပါသလဲ ဆိုတာကို အစီစဉ်လိုက် ထည့်သွင်းဖေါ်ပြ နိုင်ပါလျင် အွန်လိုင်းသုံးသူတယောက် သတင်းလောကမှာ လေးစားလောက်သူ ဖြစ်လာပေတော့မည်။
မှတ်ချက်……………ပို၍ တိကျခိုင်လုံစွာ ရှိလိုပါလျင် ဓါတ်ပုံ သက်သေခံ အချက်လက် သို့မဟုတ် ဗွီဒီယို ဖိုင်များကိုပါ တွဲဖက် တင်ပြနိုင်ပါလျင် (အကျိုးကျေးဇူး) ပို၍ ထူးခြားလာပေမည် ဆိုတဲ့ တိုင်းပြည်အတွင်း အွန်လိုင်း အသုံးပြုနေကြသူများအတွက် ဆေးစွမ်းကောင်း တစ်လက် လက်ဆောင် ပေးလိုက်ရကြောင်းပါ……
ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး

0 comments:
Post a Comment