Breaking News
Loading...
Thursday, January 1, 2015

Info Post
http://chanmyae.blogspot.com


မတည်နိုင်တဲ့ကတိတွေကို မဲရအောင်မပေးဘူး… ဟိုလူကြီးတွေကတော့ ဘာလုပ်ပေးမယ် ညာလုပ်ပေမယ်နဲ့ မဲဆွယ်နေတယ်အမေရေ… ဘာတဲ့ လစာများများရမှတဲ့! :€

--

"အန်တီက နိုင်ငံရေးသမားကတိကဝတ်တွေပေးတာနဲ့ ပတ်သက်လို့အများကြီးပဲ သတိနဲ့ဆင်ခြင်တတ်တယ်လို့ထင်ပါတယ်…

ဘာဖြစ်လို့လဲဆိုတော့ ပြည်သူကိုပေးတဲ့ကတိဆိုတာ တည်ရမယ်လေ…
မတည်နိုင်ဘူးလို့ထင်လို့ရှိရင် မပေးဖို့ပဲရှိတယ်…
ဒါကြောင့်မို့လို့ အန်တီတို့က မူအရကို ကတိတွေမပေးဘူး…

ရှင်းရှင်းလင်းလင်းပဲ ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြီးတော့အရွေးခံခဲ့တုန်းက အန်တီတို့ပြောခဲ့တယ် ပြည်သူကိုကတိကဝတ်တွေ မပေးဘူး…
ပေးတဲ့ကတိတခုပဲရှိတယ်…
ကျမတို့အတတ်နိုင်ဆုံးကြိုးစားမယ်…
ဒါ့ထပ်ပိုပြီးတော့ကျမတို့မပေးဘူး…
မပေးနိုင်ဘူး ကတိကို…

တချို့ကဆိုလို့ရှိရင် ဘယ်လိုပြောလဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ ကတိပေးခဲ့တယ်ပေါ့…
တရားဥပဒေစိုးမိုးရေးဖြစ်စေရမယ်…
ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲမယ်…
ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စေမယ်…
အန်တီတို့ ဘယ်လိုမှအဲ့လိုကတိတွေမပေးဘူး…
အဲ့ဒါက အန်တီတို့မူဝါဒဆိုပြီးချပြခဲ့တယ်.…

အဖွဲ့ချုပ်ရဲ့မူဝါဒ အဖွဲ့ချုပ်ရဲ့လမ်းစဉ် ရွေးကောက်ပွဲကို ဒီလမ်းစဉ်မူဝါဒတွေအပေါ်မှာ အခြေခံပြီးတော့ ယှဉ်ပြိုင်ပါတယ်ဆိုတာ အန်တီတို့ ချခဲ့တယ်…
ဒီဟာတွေကို ဖြစ်အောင်လုပ်ပေးမယ်လို့ ကတိမပေးခဲ့ဘူး…
သေသေချာချာလည်း အန်တီတို့ပြောခဲ့တယ်…

အဲ့ဒီတုန်းက ဝင်အရွေးခံတာ ၄၄ယောက်…
၄၄ယောက် အားလုံးနိုင်လို့ရှိရင်တောင်မှ လွှတ်တော်ထဲမှာ လူနည်းစုလေးပဲဖြစ်နေမှာစိုးလို့ ဒီရည်ရွယ်ချက်တွေကို ဒီလွှတ်တော်အတွင်းမှာ အကောင်အထည်ဖော်ပေးနိုင်ဖို့ဆိုတာဟာ ဒါဟာ လက်တွေ့မကျဘူးဆိုတာ အန်တီတို့ရှင်းပြခဲ့တယ်…

ပြည်သူကို ဘယ်တုန်းကမှ မတည်နိုင်တဲ့ကတိတွေကို မဲရအောင်လို့ အန်တီတို့မပေးခဲ့ဘူး…
ဒီတော့ ခုနကမေးတဲ့အထဲမှာ ဦးသိန်းစိန်အစိုးရက ဘယ်လောက်ထိ ကတိကဝတ်တွေပြုခဲ့တယ်ဆိုတာ ပြည်သူတွေကို ပြန်မေးရမယ်…

ပြည်သူတွေကို ဘာကတိကဝတ်တွေပေးခဲ့လဲ …
အဲ့ ပေးခဲ့တဲ့ကတိကဝတ်တွေတိုင်း လုပ်ခဲ့ရဲ့လားဆိုတာ ပြည်သူတွေက ဆုံးဖြတ်ချက်ပေးနိုင်မှာဖြစ်ပါတယ်…

-

(ဒေါ်အောင်ဆန်းစုကြည်)
https://www.facebook.com/video.php?v=1538875053036154&set=vb.100007410221752&type=2&theater

သက်နှင်း သုန္ဒရီ

0 comments: