Breaking News
Loading...
Monday, January 19, 2015

Info Post

အလန်ကလိမင့်စ် အမေး.................ဒေါ်အောင်ဆန်းစုကြည် အဖြေ
===============================================
အလန်ကလိမင့်စ် -
ဒီတိုင်းပြည်မှာ ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို ဒေါသတွေအောင်းထားကြတဲ့သူတွေ အများကြီးရှိတယ်။ ခင်ဗျားရဲ့ ဒီမိုကရေစီလှုပ်ရှားမှုအောင်မြင်သွားတဲ့အချိန်မှာ ခင်ဗျားအနေနဲ့ ဒီမိုကရေစီမြန်မာနိုင်ငံရဲ့အဓိကဦးဆောင်မှုအခန်းကဏ္ဍာမှာပါမယ်လို့ ယူဆကြည့်ရင် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဟာ ရာဇ၀တ်မှုကြောင်းအရ တရားစွဲဆိုမခံရပါဘူးလို့ ခင်ဗျား အာမခံနိုင်ပါ့မလား...။
ဒေါ်အောင်ဆန်းစုကြည် -
ကျွန်မက ပုဂ္ဂိုလ်ရေးအရ ဘယ်တော့မှကတိပေးလိမ့်မယ်မဟုတ်ပါဘူး။ ပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့ အဲဒီလိုဟာမျိုးတွေနဲ့ ပတ်သတ်ပြီး ကျွန်မဘယ်တော့မှ ပြောလိမ့်မယ်မဟုတ်ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ ပြည်သူလူထုကို ကိုယ်စားပြုတဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့ ပြောဖို့တာဝန်ရှိပါတယ်။ ဒါပေမဲ့ အမှန်တရားနဲ့ ပြန်လည်သင့်မြတ်ရေးဟာ အတူတွဲသွားရမှာပါ။ အမှန်တရားကို ၀န်ခံလိုက်ပြီဆိုတာနဲ့ ခွင့်လွှတ်ခြင်းဟာ အများကြီး ပိုဖြစ်နိုင်ခြေရှိလာပါတယ်။ အမှန်တရားကို ငြင်းဆိုတာကတော့ ခွင့်လွှတ်မှုကို ယူဆောင်လာပေးမှာမဟုတ်သလို ခံစားခဲ့ရတဲ့သူတွေရဲ့ ဒေါသတရားကိုလည်း ပျောက်ပျက်သွားစေနိုင်မှာ မဟုတ်ပါဘူး။
Credit>>>>pyae sone

0 comments: