Breaking News
Loading...
Sunday, January 4, 2015

Info Post
http://chanmyae.blogspot.com
မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့်နေ့က အလံတော်
By အောင်ကျည်စိုးမြင့် ANA
On Sun, 2015-01-04 06:14
Issue No.No. 613 Sunday, January 4, 2015
၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဆိုလျှင် မြန်မာနိုင်ငံသူ့ကျွန်ဘဝက လွတ်မြောက်ခဲ့ပြီး လွတ်လပ်ရေးရရှိခဲ့တာ နှစ်ပေါင်း (၆၇)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
ဗြိတိသျှ အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့လက်အောက်၊ ဖက်ဆစ် ဂျပန်လက်အောက်ကနေ ဗိုလ် ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်နဲ့အတူ မြန်မာ ပြည်သူ၊ ပြည်သားအားလုံး လှည်း နေလှေအောင်းမြင်းဇောင်းမကျန် လွတ်လပ်ရေးအတွက် အသက် ခန္ဓာဘဝတွေပေးဆပ်တိုက်ပွဲဝင် ခဲ့ကြပြီးနောက် ကိုယ့်နိုင်ငံ၊ ကိုယ့် လူမျိုး၊ အချုပ်အခြာအာဏာကို ပိုင်စိုးနိုင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာ စစ်မှာ မြန်မာနိုင်ငံကိုလာရောက် ပြီး မဟာမိတ်တပ်များမှာ တာဝန် ထမ်းဆောင်ရင်း ကျဆုံးခဲ့တဲ့ မဟာမိတ်စစ်သည်များအတွက် ရန်ကုန်မြို့ထောက်ကြန့်မှာ ဓန သဟာယစစ်သင်္ချိုင်း၊ စမ်းချောင်း မြို့နယ် ပြည်လမ်း ဟံသာဝတီ ကားမှတ်တိုင်အနီးက ဓနသဟာ ယစစ်သင်္ချိုင်းနဲ့ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှာ ဓနသဟာ ယစစ်သင်္ချိုင်းအဖြစ် သပ်သပ်ရပ် ရပ်ထည်ဝါခံ့ညားစွာ ပြုလုပ်ပြီး ဂုဏ်ပြုထားပါတယ်။ လွတ်လပ် ရေးအတွက် အသက်ပေးလှူသွား တဲ့ ဗမာ့တော်လှန်ရေးအညတရ ရဲဘော်များအတွက်တော့ အမှတ် တရခံ့ညားထည်ဝါစွာပြုလုပ် ထားတဲ့သင်္ချိုင်း အခုအချိန်ထိမရှိ သေးပါ။
လွတ်လပ်ရေးနေ့ရောက် လေတိုင်း စာရေးသူသိချင်၊ မြင် ချင်၊ တွေ့ချင်တဲ့အရာတစ်ခုရှိပါ တယ်။ အဲဒါဟာ မြန်မာနိုင်ငံလွတ် လပ်ရေးရရှိစဉ်က ယူနီယံဂျက် အင်္ဂလိပ်နယ်ချဲ့အလံကို အလံ တိုင်အောက်ကိုချပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ ကို ငွားငွားစွင့်စွင့်လေမှာဝင့်ပြီး အလံတိုင်ထိပ်ကို လွှင့်ထူခဲ့ပါ တယ်။ မြန်မာနိုင်ငံနဲ့ တိုင်းသူပြည်သားတွေအတွက် အဖိုးအနဂ္ဃ အလွန်ထိုက်တန်တဲ့ အဲဒီအလံကို ခုအချိန်ထိ နှစ်ပေါင်း (၆၇)နှစ် တိုင်ပြန်လည်မြင်တွေ့ခွင့်မရခဲ့ တာပါပဲ။
စာရေးသူလူငယ်ဘဝ လွန်ခဲ့ တဲ့ နှစ်ပေါင်း ၄၀ ကျော်လောက် ကတည်းက သိချင်၊ မြင်ချင်လို့ လေ့လာ စုံစမ်းခဲ့ဖူးပါတယ်။ ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်း (အောက်ဘလောက်)မှာ အရင် က အမျိုးသားပြတိုက်ဖွင့်လှစ်ခဲ့ပါ တယ်။ အခု အဲဒီအဆောက်အအုံ ဟာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်အဖြစ် ပြုလုပ်ထားပါတယ်။ မြန်မာနိုင်ငံ အမျိုးသားပြတိုက် စတင်ဖွင့်လှစ်စဉ်က ပြတိုက်မှူး ကြီးဟာ ဒေါ်တင်လှ (M.A၊ M.Sc) ဖြစ်ပါတယ်။ အမျိုးသားစာကြည့် တိုက်မှူးဟာ ဒေါ်ညွန့်မြင့် (နောင် ကုလသမဂ္ဂစာကြည့်တိုက်မှူး) ဖြစ်ပါတယ်။
စာရေးသူနဲ့ ရင်းနှီးခင်မင် တာမို့ မေးကြည့်ဖူးပါတယ်။ လွတ်လပ်ရေးရရှိတဲ့နေ့က လွှင့် ထူခဲ့တဲ့အလံ ဘယ်ဝယ်ဘယ်ဆီ ရောက်သွားသလဲဆိုတာ သူတို့ လည်း မသိကြပါဘူး။ ပြတိုက်မှာ လည်း မရှိပါဘူး။ အဲဒီအလံအစစ် ပုံကို သတင်းစာ၊ ဂျာနယ်တွေမှာ ဖော်ပြတာလည်းမရှိသေးပါဘူး။
ဖက်ဆစ်တော်လှန်ရေးနေ့ (တပ်မတော်နေ့)ပြပွဲကို ရန်ကုန် မြို့ ဦးဝိစာရလမ်း အင်ဗွိုင်း ဟောလ်(ယခု တပ်မတော်ခန်းမ) မှာ ပြပွဲပြုလုပ်တော့ တပ်မတော် စစ်သမိုင်းပြတိုက်၊ တပ်မတော် မော်ကွန်းတိုက်က ပြတိုက်မှူး ဗိုလ်မှူးကိုတွေ့ဆုံပြီး မေးမြန်းစုံ စမ်းခဲ့ဖူးပါတယ်။ ဗိုလ်မှူးက လည်း အဲဒီအလံကို မြန်မာပြည် တွင်းမှာတင်မက အင်္ဂလန်နိုင်ငံ အထိ စုံစမ်းခဲ့ဖူးကြောင်း စာရေး သူကို သေချာရှင်းပြခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးရ စဉ်က လွှင့်တင်ခဲ့တဲ့ ပြည်ထောင် စုသမ္မတ မြန်မာနိုင်ငံတော်အလံ ကို အသက်(၆၇)နှစ်အရွယ်တွေ တောင် သေသေချာချာတစ်ခါမှ မမြင်ဖူးကြပါ။ အနာဂတ်နိုင်ငံ တော်အတွက် ဦးဆောင်ကြရမယ့် ကနေ့မျိုးဆက်သစ်လူငယ်၊ လူ ရွယ်များလည်း မမြင်ဖူးကြပါ။
ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်း ခြံအတွင်းက လွတ်လပ်ရေး ကျောက်တိုင် ပုံသဏ္ဌာန်ဟာ လွတ်လပ်ရေးရရှိစဉ်က လွှင့်ထူ ခဲ့တဲ့အလံထဲကအတိုင်း ကြယ်ဖြူ ပွင့်ကြီးကို အရန်ကြယ်ဖြူပွင့်ငယ် ငါးလုံးက ခြံရံထားတဲ့ပုံစံအတိုင်း တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ငှက်ကြည့်အမြင်နဲ့ လေယာဉ်ပေါ် ကကြည့်ရင် အဲဒီပုံသဏ္ဌာန် အတိုင်း မြင်ရမှာဖြစ်ပါတယ်။ ဝန် ကြီးချုပ်ဦးနုက ပန္နက်ရိုက်ပေးခဲ့ပါတယ်။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် နံနက် ၄ နာရီ မိနစ် ၂၀ အရုဏ်တက်၊ ဝေလီဝေလင်း၊ နှင်းမှုန်မှုန်ကြားထဲမှာ ထိုစဉ်က ပထမဦးဆုံးသမ္မတစဝ်ရွှေသိုက်၊ ဝန်ကြီးချုပ်ဦးနု၊ အင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘတ်ရန်စ်တို့နဲ့အတူ ဝန် ကြီးများ၊ လွှတ်တော်အမတ်များ တက်ရောက်ပြီး မြန်မာ့ဆိုင်းဝိုင်း ကြီး၊ ကြည်း၊ ရေ၊ လေ ဂုဏ်ပြု တပ်ဖွဲ့၊ တပ်မတော်တီးဝိုင်းအဖွဲ့၊ တို့နဲ့အောင်စည်သံရွမ်းပြီး မင်္ဂလာ အချိန်မှာ ပုရောဟိတ်ပုဏ္ဏားများ က ခရုသင်းမှုတ်ကာ အလံတော် ဟာ လေမှာ တလူလူလွင့်ပျံခဲ့ပါ တယ်။ ကမ္ဘာ့အလယ်မှာ လွတ် လပ်တဲ့မြန်မာနိုင်ငံရယ်လို့ ဝင့်ဝင့် ထည်ထည် ပေါ်ထွန်းလာခဲ့ပါ တယ်။ ကနေ့အချိန်အခါမှာ လွတ်လပ်ရေးရရှိချိန်က အလံတော်ကို မြင်တွေ့လိုလှပါတယ်။
အဲဒီအလံတော်ကို ပြည် ထောင်စုမြန်မာနိုင်ငံအလံတော်’’ လို့ ခေါ်တွင်ပါတယ်။ အလံတော် ရဲ့ ပုံသဏ္ဌာန်ဟာ ထောင့်မှန် စတုဂံပုံသဏ္ဌာန်ဖြစ်ပါတယ်။ အနီရောင်အောက်ခံဖြစ်ပြီး လက် ဝဲဘက်အထက်ထောင့်မှာ အပြာ ရင့်ရောင်အခန်းဖွင့်ထားပြီး အလယ်မှာ ရောင်ခြည်ငါးခုရှိသော ကြယ်ဖြူကြီးတစ်ပွင့်ကို ခြံရံပြီး ကြယ်ဖြူကြီးရဲ့ ရောင်ခြည်ငါး လက်အကြားတွင် ရောင်ခြည် လက်ငါးခုစီရှိသော ကြယ်ဖြူငါး ပွင့်ကို တစ်ပွင့်စီထည့်သွင်းထား ပါတယ်။ ရောင်ခြည်လက်တစ်ခုစီ ဟာ အလံတော်ရဲ့ အထက်ဘက် သို့ မတ်မတ်ညွှန်လျက်ရှိနေပါ တယ်။
အလံတော်ရဲ့ အတိုင်းအတာမှာ အလျား ၉ ပေ၊ အနံ ၅ ပေ၊ လက်ဝဲအထက်ထောင့် အပြာရင့်အခန်းမှာ အလျား ၄ ပေ၊ အနံ ၂ ပေခွဲ၊ ကြယ်ကြီးအတွက် ထောင့်ဖျားများကို ဖြတ်ပြီးဆွဲ ထားသောစက်ဝိုင်းရဲ့အချင်းမှာ ၁ ပေ ၆ လက်မ၊ ကြယ်ငယ်အတွက် ၉ လက်မဖြစ်ပြီး အလံကြီး၊ ငယ် မဟူ ထိုအချိုးအစားအတိုင်းပင် ဖြစ်ပါတယ်။
အလံတော်ရဲ့ သဘော အဓိပ္ပာယ် အဓိကအကြောင်းရင်း မှာ တော်လှန်ရေးကာလမှ ခေတ် သစ်ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ပေါ်ပေါက်လာသော ရာဇဝင်ကြောင်းကို အလံတော် မှာ သဘောပေါက်စေပြီး ထို သဘောကို နောင်လာနောက်သား တို့ သတိရစေလိုသောကြောင့် ရည်ညွှန်းထားတာဖြစ်ပါတယ်။
အခြားအကြောင်းရင်းများမှာ..
(၁) အလံတော်မှာ အနီရောင် အောက်ခံနဲ့ လက်ဝဲအထက် ထောင့်မှာ ကြယ်ဖြူကြီးတစ်ပွင့် ထားရှိသောသဘောမှာ မြန်မာ နိုင်ငံတစ်နိုင်ငံလုံးရဲ့ တော်လှန် ရေး အထိမ်းအမှတ်ဖြစ်သော လက်ရှိတော်လှန်ရေးအလံတော် ကို မတိမ်ကောမပျောက်ပျက်စေ ရန် ထိန်းသိမ်းထားသော သဘော ပင်ဖြစ်ပါတယ်။
(၂) ကြယ်ဖြူကြီးတစ်ပွင့်ကို ကြယ်ဖြူပွင့်ငယ်ငါးလုံးခြံရံဝန်းရံထားခြင်းမှာ တော်လှန်ရေးကို အခြေပြုပြီး ဖွဲ့စည်းထားသော ပြည်ထောင်စုသမ္မတနိုင်ငံရဲ့ အထိမ်းအမှတ်သဘောပင်ဖြစ်ပါတယ်။ ကြယ်ဖြူပွင့်ငယ်ငါးပွင့် ထားရှိခြင်းသဘောမှာ လူမျိုးစု အများစုဖြစ်တဲ့ မွန်၊ မြန်မာ၊ ရခိုင်၊ ကရင်၊ရှမ်း၊ ကချင်နဲ့ ချင်းတို့ ပါဝင်ထူထောင်ကြသော ပြည်ထောင်စုသဘောဖြစ်ပါတယ်။ အထက်တွင်ရေတွက်ဖော်ပြထားသော လူမျိုးအများစုထဲတွင် မြန်မာတိုင်းရင်းသားလူမျိုး အနည်းစုများလည်း ပါဝင်တယ် လို့ မှတ်ယူကြရမှာဖြစ်ပါတယ်။
(၃) အလံတွင် ကြယ်ဖြူအသုံးပြု ခြင်းမှာ ကြယ်ရဲ့သဘောသဘာဝ ဖြစ်သော ခရီးလမ်းမှာ မရပ်မနား သွားတတ်ခြင်း၊ သွားမြဲခရီးကို မဖျက်မဆီးမစွန့်လွှတ်တတ်ခြင်း၊ အဖန်တလဲလဲရှေ့သို့သာသွားနေ ခြင်း၊ ခရီးသွားသူတို့အတွက် လမ်းညွှန်ပြခြင်း စတဲ့အတုယူဖွယ်ဂုဏ်အင်္ဂါရပ်များကြောင့်ဖြစ်ပါတယ်။ ထို့အပြင် ကြယ်ပွင့်တွေ ဟာ ကမ္ဘာတည်သည်မှစပြီး ကောင်းကင်ထက်မှာ ကိုယ်ပိုင် အလင်းရောင်ဖြင့် ထင်ရှားတောက်ပသကဲ့သို့ မြန်မာနိုင်ငံဟာလည်း ကမ္ဘာပေါ်မှာ ကိုယ်ပိုင် လွတ်လပ်သော ပကတိထင်ပေါ် ဝင့်ထည် နေမည့်သဘောပင်ဖြစ်ပါတယ်။
လွတ်လပ်ရေးရရှိတဲ့နေ့မှ စတင်ခဲ့တဲ့ ပြည်ထောင်စုမြန်မာ နိုင်ငံတော်အလံဟာ ၁၉၄၈ ခုနှစ် မှ ၁၉၇၃ ခုနှစ်အထိ ပြည်ထောင် စုမြန်မာနိုင်ငံတော်ရဲ့ သင်္ကေတ ပင်ဖြစ်ပါတယ်။ တို့ပြည်ထောင်စု အလံတော်သည် x x x တလူလူလွှင့်လို့ ချီလာပြီ x x x ပြည်သူများတို့ ပျော်ရွှင်ကြည် x x x မနှေးယခု အလေးပြုပါသည်။
(ကိုးကား- သံတော်ဆင့်လွတ် လပ်ရေးအထူးစာစောင်မှ ပြည် ထောင်စုမြန်မာနိုင်ငံတော်အလံ)

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဆိုလျှင် မြန်မာနိုင်ငံသူ့ကျွန်ဘဝက လွတ်မြောက်ခဲ့ပြီး လွတ်လပ်ရေးရရှိခဲ့တာ နှစ်ပေါင်း (၆၇)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
7DAYDAILY.COM
Unlike ·  · 

0 comments: