Breaking News
Loading...
Thursday, March 5, 2015

Info Post
https://www.facebook.com/lwinthandarsoe/photos/a.449405941846873.1073741828.449379095182891/719698961484235/?type=1&theater

Page Liked · 21 mins · Edited · 
 

ဆန္ဒပြမှုကို အကြမ်းဖက်ဖြိုခွင်းဖို့ မြန်မာအစိုးရသုံးစွဲခဲ့သည့်လက်ပတ်နီဝတ် အကြမ်းဖက်
စွမ်းအားရှင်တွေကို ဖော်ထုတ်အရေးယူပေးဖို့ ၈၈မျိုးဆက်က ကိုမင်းကိုနိုင် တောင်းဆို
လိုက်ပါတယ်....................

မြီု့တော်ခမ်းမရှေ့မှာ ဖမ်းဆီးခံရတဲ့မနီလာ သိန်းအပါအ၀င်ကျောင်းသားများ ရိုက်နှက်ခံရတဲ့ကိစ္စအတွက် ၈၈ ရုံးမှာကနေ့ည ၈နာရီမှာကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မြင်ကွင်း။
_______________________________________________

အသံတွေ ထွက်ကြဖို့ လိုပါတယ်။ ဘယ်အဖွဲ့က အသံတွေထွက်သည်ဖြစ်စေ အသံတိုးမသွားဖို့ပဲ လိုတယ်။

The 88 Generation Peace and Open Society

ကျောင်းသားသပိတ်ကို အကြမ်းဖက်နှိမ်နင်းခြင်းကိစ္စကို ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) သတင်းစာရှင်းလင်း
_____________________________________________

ယနေ့ မတ်လ ၅ ရက်၊ ညနေ ၄း ၃၀ နာရီ က ရန်ကုန်မြို့ ၊ မြို့တော်ခန်းမရှေ့တွင် ဖြစ်ပွားခဲ့သော အရပ်ဝတ်များဖြင့် အကြမ်းဖက် နှိမ်နင်းခဲ့မှုနှင့် ပတ်သက်၍ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံးတွင် ယနေ့ ည ၇း ၃၀ နာရီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ထိုသတင်းစာရှင်းလင်းပွဲတွင် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေး၊ ကိုမင်းသူကျော်နှင့် ကိုရန်နောင်စိုး တို့က ယနေ့ဖြစ်ပွားခဲ့သော အကြမ်းဖက် နှိမ်နင်း ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး " ဆန္ဒပြပွဲကို အရပ်ဝတ်များမှ အကြမ်းဖက် နှိမ်နင်း ဖမ်းဆီးမှုကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ ဆန္ဒပြ အမျိုးသမီးများကို အမျိုးသားများက အကြမ်းဖက် ဖမ်းဆီးမှုကို ရှုတ်ချကြောင်း၊ ဖမ်းဆီးခံ ဆန္ဒပြသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန် " တို့ကို အဓိကထား ပြောကြားသွားခဲ့သည်။

ယခု သတင်းစာရှင်းလင်းပွဲတွင် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဦးကိုကိုကြီးမှ ပြောကြားရာတွင် -

" ဖြေရှင်းတဲ့ပုံစံမှာ အရင်က စွမ်းအားရှင်တွေနဲ့ ဖြေရှင်းတဲ့ပုံစံမျိုး တာဝန်ရှိသူမဟုတ်ဘဲ တာဝန်လက်ပတ်တွေ ပတ်ပြီးတော့ မိန်းကလေးတွေကို ကာအိနြေ္ဒမဲ့အောင် အကြမ်းဖက်နှိမ်နင်းတာမျိုး ဖြစ်လာရင်တော့ ကျွန်တော်တို့ ၈၈ မျိုးဆက် အနေနဲ့ လုံးဝ သည်းမခံနိုင်ပါဘူး၊ လက်မခံနိုင်ဘူး။ အဲဒီလို လက်ပတ် ပတ်ပြီးတော့ အကြမ်းဖက်ခွင့်လို အရင်စစ်အစိုးရ လက်ထက်က စွမ်းအားရှင်တွေ လုပ်တဲ့ ဆောင်ရွက်ချက်မျိုးကို ဘယ်သူက ဦးဆောင်ပြီးတော့ တာဝန်ပေးခဲ့သလဲ။ အဲဒါ ကျွန်တော်တို့ ဖော်ထုတ်ဖို့လိုပါပြီ “ ဟု ပြောကြားခဲ့သည်။

0 comments: