“ကဗျာတဲ့လား”
ဘယ်နံရောအခါကမှ
ငါ
ကဗျာဆရာ မဟုတ်ခဲ့
။
အမေညောင်းမှ
အိပ်
သိပ်ပြီးဆို
ကြားနေကျ
နားရည်ဝ ကဗျာ
။
ငယ်သူငယ်ချင်း
မုန့် ဟင်းခါးကျွေး
၊ သူရေးတာဖတ်ပြ
သူ့ ကေားင်မလေး အလှကဗျာ ။
ကျောင်းစာမှာတော်
၊ ကျောင်းနေပျော်ဆဲ
ကျောင်းပေါ်မှာ
ဟစ်ကြွေး
ဆရာ “ထွေး”
၊ ဆရာ“စိန်”
လေအေးအေး
လေငြိမ်ငြိမ်နှင့်
စာသင်ချိန်တကန်
့ ၊ ရင်မဆံအောင်
ကျဲဖြန့် စိုက်ပျိုး
၊ မျိုးစေ့မှန်ကဗျာ ။
ဘင်္ဂါလီ ပါရှင်း
၊ အင်္ဂလိပ် ပြင်သစ်
မြန်မာမို
့ မပစ်စကောင်း
ရှေးဟောင်းမျက်မှောက်
၊ ဆက်လျှောက်ကြည့်ပါ
ကဗျာလမ်းပေါ်
၊ ပျော်ရွှင်စရာ
တော်ဝင်ကဗျာ
၊ ပေါ်ပင်ကဗျာ
မော်ဒင်ကဗျာ
။
လူလောကထဲ
၊ ကဗျာဆွဲခေါ်
က၀ိကျော်တွေ
၊ ပေါ်ခဲ့ထွန်းခဲ့
များခဲ့ပြီလေ
၊
တစ်ခါတစ်ခါ
ကဗျာလေညင်းငြိ
တစ်ခါတစ်ခါ
ကဗျာလေပြင်းမိ
။
ကဗျာထုံ့ ပိုင်း
လိုက်စားခဲ့
ကဗျာမုန်တိုင်း
တိုက်သွားရဲ့  ။
ကဗျာဆိုတာ
မာတာအမိ ၊
ပဋိသန္ဓေ
ဆောင်နေရသလို
။
မဟာ ပထ၀ီအောက်
ယောင်ဝါးဝါး
တူးဖောက်ရင်း
“အောင်”ရသည့်
ကျောက်လို ၊
သက်မနှင့်
အာသီသ
ဒေါသနှင့်
သံဝေဂ
လှပစွာရက်သီ
အင်္ကျီချည်ထည်
၊ ၀တ်ချင့်စဖွယ် ။
ကဗျာညဈေး
၊ ကြိုက်တာရွေးပါ
အထိမခံ ကျားကန်ကဗျာ
အရိမခံ ယာယံကဗျာ
ဓားလှံကဗျာ
၊ အားမာန်ကဗျာ
ညံ့အောင်လမ်းပြတဲ့
နောက်ပိုးကဗျာ
လန့် အောင်ရမ်းလှတဲ့
ဗျောက်အိုးကဗျာ
မြှောက်ထိုးကဗျာ
၊ ဇောက်ထိုးကဗျာ
ကျောက်ဒိုးကဗျာ
။
လာ
ကဗျာတံဆိပ်ကပ်
၊ နိမိတ်ဖတ်၍
နှုန်းသတ်မှတ်မည်
၊ တစ်ကျပ်မှ တစ်ကုဋေ
ရွေးလေ ရွေးလေ
။
ကဗျာဆိုတာ
၊ ဘာညာဖြစ်၏
မသိဘူးထား
၊ ခံစားမှုပီတိ
ရရှိကြစေ
၊ ကဝေသိမဟုတ်
သိမှကဗျာ
၊ ထိမှ ကဗျာ
ငြိမှကဗျာ
။
“မြို့ ဖွဲကဗျာများ”
*ဒေါက်တာငွေစိုး*
စာပေလောက
ကဗျာစာအုပ်
အလွမ်းဖွဲ့ 
စကားချိုချို
ညင်သာမပြောတဲ့ပြင်
တရားလိုလို
အစဉ်လာဟောတယ်လို့ 
အမှားပိုပို
အထင်မှာမစောပါနဲ့ 
ရင်မှာမောအောင်
တမင်တကာ မပြုပါဘူး
ကြင်နာမှုတွေ
ဖြင့် သောင်ကမ်းမမြင်
(အေး) အလင်္ကာနုစေဖို
့တော့ မောင်မကျွမ်းကျင် ။
ချစ်တာလည်း
ချစ်တာပေါ့
လှတာလည်း
လှတာပေါ့
ချစ်တာကို
ကဗျာအနွဲ့ တေးတွေနဲ့ 
လှတာကို စာဖွဲ့ ရေးမှာဖြင့်
ညစာကို ဘာနဲ
့လွေးရပါ
တွေးမိလျှင်
ဟိုးရှေ့ ရေး
အေးဖို့ မမြင်
။
အသည်းအသက်မျှလို
့ ကြင်မယ်ချော့မယ်ထား
ပွဲထွက်စမို
့ ယဉ်တယ်ကြော့တယ်ထား
မော့နိုင်လျှင်
တဒင်္ဂပေါ့
အပျိုလို
မဆင်သနိုင်မှ
တဖိုဖို မရွှင်ပျလေတော့
လင်ရတာ ဒုက္ခပဲနဲ
့
ချွဲဖို့ လည်း
အခက်သားကလား
တီတာတာ နှစ်ကိုယ်ကြားတောင်
ကြည်သာသာ
မဆိုအားနိုင်တော့
လိုလားတဲ့
ချစ်လမ်းစဉ်
အထင်နဲ့ တခြား
။
အလှအယဉ်
ဘ၀တွင် လေချိုမသွေးလေဘု
အရေးဆို မျက်ရည်စတွေနဲ
့
ကလေးလို သက်သေပြနေလည်း
သောကတန်တန်
ပွေ့ တဲ့
လူ့ ကျမ်းတွေ
မကြေညက်လျှင်ဖြင့်
ခရီးရှည်
အနှင်ခက်မှာပဲ
ခုကတည်းက
ဒီလိုရှင်းကြစို့  ၊
အလျင်း အပြစ်
ယူ ဒဿနတရားတွေနဲ့ 
ကြွင်းရစ်သူ
အမှတ်တရထားပါတော့
မင်းချစ်သူ
က အတ္တသမား ။
( မြို့ ဖွဲ့ ကဗျာများ
ဒေါက်တာငွေစိုး
သြဂုတ် ၊
၁၉၈၇ )
0 comments:
Post a Comment