Breaking News
Loading...
Thursday, July 3, 2014
Info Post
http://chanmyae.blogspot.com
တင်မိုး***ပုဂံကျောင်းကခေါင်းလောင်းသံ***
ဘီယာဖန်ခွက်ထဲးကမုန်တိုင်း
(၁)
ဖန်ခွက်ပြာပြာ၊ဘီယာလဲ့လဲ့
သီချင်းစက်က
ငြိမ့်ညက်တေးသံ၊မိုးစက်သံနှင့်
ကာရန်တဖြတ်၊တို့ အတပ်နှင့်
ဝါးလက်တစည်း၊စိတ်နှင့်မြည်းစဉ်
ကားကြီးတဝေါဝေါ၊ရောင်စုံတော၌
မောဟတရစ်၊လောဘတဆစ်
သောကဖြစ်ယင်း
အချစ်မဟုတ်၊အရုပ်လှလှ
မိန်မအိမ်မက်၊ကားအိပ်မက်နှင့်
ရှုပ်ရှက်ခတ်မျှ၊ငြိမ်းမရတည့်
ကလော့တသင်း၊ဆိုသီချင်းနှင့်
လည်ပင်းဖက်စို့ ၊မေ့ကြစို့ ။
(၂)
ကျောင်းနေဖက်တို့ 
အထက်ရောက်သူ၊အောက်ကျသူနှင့်
သေသူသေကြ
တချိုကလည်း၊အာဂဇာနည်
တချိုသည်လည်း
ထီချင်စရာ၊သစ္စာမဲ့များ
အစားစားတည့်၊မျာပြား၏
ကျောင်းသားတုန်းက                                                                                                                      နောက်ဆုံးခုံတန်း
ယ္ခုသော်ကား
ပန်းကုံးစွပ်၍
ဦးညွတ်ခံရ၊ထိုဘ၀မှ 
နှိမ့်ကျယုတ်လျှော၊ဖုံးသောသောတွင်
ခေါစာခွက်နှင့်၊အပက်ခံရ
ဤဘ၀။
တပ်လှန့် နိုးဆော်၊သံကုန်အော်၍
ကြေွးကြော်သံတိုင်၊အောင်လံကိုင်တို့ 
မှိုင်သူမှိုင်၊ထိုင်သူထိုင်နှင့်
သံတိုင်ခဲ့ရ၊ငယ်ကာလကို
ရှက်စွမှားစွ၊သံဝေဂဖြင့်
ကြီးမှလိမ္မာ၊ကိုယ်ကျိုးရှာပြီ
ငါကျိုးမဟုတ်၊ငါမလုပ် -တဲ့။
ကျောင်းမှာတုန်းက
ပြုံးလားပျော်လား၊ ဟေးဝါးလားနှင့်                                                                                                    လတ်ယားလတ်ယား ၊ ပွဲးတိုင်းသွားလျှက်
နေခဲ့သူ
လူ့ လောကတွင်၊ရွက်ကျတပင်
ကျရာရွှင်ဆဲ
ယ္ခင်လိုပဲ၊သူပျော်မြဲ။
ဟိုဟာကိုမှန်း၊သည်ဟာလွမ်းနှင့်
တက်လမ်းတိုးလိုက်၊စိတ်ညှိုးလိုက်နှင့်
စိတ်အိုက်စရာ၊သူမပါချေ။
ကျရာမြိန်မြိန်၊ကြိမ်ရာပျော်ပျော်
သြော်တအည်းအည်း၊ ငါ.ကံနည်းဟု
မညည်းမညူ ၊ မပူမဆာ
အနာမရ၊သူ.ဘ၀။
စကားနဲနဲ၊ အသားမဲနှင်.
ဝိုင်းထဲငုတ်တုတ်၊ မလှုပ်တလုပ်
ဟုတ်ကဲ.လေးလေး၊ ခပ်အေးအေးနှင့်
ဆေးလိပ်ကိုသာ၊ တွင်တွင်ဖွာလျက်
နေရှာတတ်သူ၊ ရောင်းရင်းမူကား
မဟူရာပြင်၊ မြကောင်းကင်က
ကြယ်စင်ပမာ၊ ကြွေခဲ့ရှာပီ
အာဇာနည်တို.၊ လမ်းဆီသို.။
(၃)
ဘီယာတခွက်၊ ငါ.ဖန်ခွက်တွင်
မျက်နှာများစွာ၊ ပေါ်၍လာခဲ.။
ငါ၏စည်းစိမ်၊ ငါ၏အိမ်တွင်
ငါမြိန်နေတုန်း၊ ငါ.နှလုံး၌
" ရှုံးပြီ….ရှုံးပြီ၊ ငါရှုံးပြီ" တဲ.။
ပီပီသသ၊ ကြားလိုက်ရလည်း
နားကမရဲ၊ မျက်နှာလွှဲမိ။
သည်ဝဲမှာပျော်၊ သည်မှော်မှာတိုး
ဇက်လဲကျိုးပြီ
မနိုးကြားနိုင်တော့ပြီတည်း။
ဖန်ခွက်ပြာတွင်
ငှဲ့ လေတော့။
0 comments: