Breaking News
Loading...
Thursday, July 3, 2014

Info Post

“ဧည့်သည်”

* လာတုန်းကလည်း - တစ်ယောက်တည်းနော့
လက်တွဲခေါ်ကာ - ဖော်မပါဘူး
ဥစ္စာချည်းနှီး - ကိုယ်ထီးတည်း…။

* ပြန်သွားတော့လည်း - တစ်ယောက်တည်းနော့
လက်တွဲခေါ်ကာ - ဖော်မပါဘူး
ဥစ္စာချည်းနှီး - ကိုယ်ထီးတည်း…။

* လာပြီးတော့နား - မသွားသေးခင်
ချိန်လေးတွင်မှ - ၀န်းကျင်ယှက်နွယ်
နှောင်ကြိုးတွယ်ကြ - ပြုံးရယ် မဲ့ငို
ချစ် မုန်းပိုကြ - မလိုဒေါသ
လိုလောဘနှင့် - ဘ၀ရိပ်မြုံ
ကကြိုးစုံခဲ့ - ကံကုန်မိုးချုပ်
လက်တွဲဖြုတ်ကာ - သုတ်သုတ်ဆောလျင်
ခရီးနှင်သည် - တို့လျှင်. . . ဧည့်သည်ပါတကား….။
(မင်းကွန်းဆရာတော်ကြီး)
 —

0 comments: