Breaking News
Loading...
Monday, February 2, 2015

Info Post

ရေနံချောင်းစပ္မါယ်ရုံကျောင်းတိုက်မှာစခန်းခနားခိုနေသောကျောင်းသားသပိတ်
စစ်ကြောင်းသို့ကျောင်းသားအသွင်ယူကာလျှို့ဝှက်ထောက်လှမ်းသူ(စအဖ)ဟု
ဆိုသူ တဦးအားဖော်ထုတ် ဖမ်းဆီးရရှိ ။
==================================================
ထိုသူရဲ့ (ထွက်ဆိုချက်)( စအဖ ဟုဆိုသည်
လိုအပ်ချက်အရ ရဲဘော်ဖြစ်သော်ငြား ရာထူးရှိ အမည် ''ပြည့်စုံအောင်''
အမှတ်- တ၄၀၄၅၅၆ကျောက်ပန်းတောင်း သာယာအေး(ဦးပေါက်+ဒေါ်တင်ရ)
အိမ်မှာတည်းခိုနေထိုင်။ မကွေးနဲ့ မန္တလေးသို့ သတင်းပို့
'မမမ' လျှို့ဝှက်နာမည်ဖြင့်ပို့ကြောင်းထွက်ဆိုသည်။
စအဖ တရားဝင်မှန်မှန်ကန်ကန် အနေဖြင့်သတင်းယူခြင်းအပေါ် ပြောစရာမရှိပေမယ့်
အခုလိုကျောင်းသားအသွင်ယူကာ ပြုမူမှုအပေါ် ကန်.ကွက်ရှုံချဖော်ထုတ်သွားကြရ
မည်သာဖြစ်သည်။
၎င်းနှင့်အတူပါရှိသူ ကျန် စအဖ ၂ယောက်ရောက်ရှိလာကာ သူတို့လူဖြစ်ကြောင်း
လာထုတ်ယူ။ မီဒီယာများက သိလိုသည်များကိုမေးမြန်းပါတယ်။
ထို့နောက် ကျောင်းသားသပိတ်တာဝန်ရှိသူများ မီဒီယာများက ရပ်ကွက်အုပ်ချုပ်ရေးမှူး
မှတဆင့် ထိုသူအား တစ်စုံတစ်ရာနစ်နာထိခိုက်အောင်လုပ်ဆောင်ခြင်းမရှိပဲ
ရေနံချောင်းရဲစခန်းသို့ ဥပဒေနဲ.အညီ သွားရောက်အပ်နှံလိုက်ကြပါသည်။
သတင်းဓါတ်ပုံ- San Nyein Oo.

0 comments: