Breaking News
Loading...
Wednesday, October 16, 2013

Info Post
http://chanmyae.blogspot.com
 Hla Wai
Kyaw Swar Myint
ယနေ. အကြိုက်ဆုံး ကဗျာ
===========================
ဗုံးတွေပေါက်ကွဲနေတဲ့မြို့
--------=-----------
တရားလိုတွေများသလေက်
တရားခံတွေ မဖမ်းနိုင်တဲ့မြို့။
တရားပွဲတွေများသလောက်
တရားအသိနဲတဲ့မြို့။
တားဆေးတွေ ရောင်းကောင်းသလောက်
ဗုံးသမားတွေကို မတားဆီး နိုင်တဲ့မြို့။

ကားကြပ် လမ်းကျဉ်းတာထက်
မေတ္တာ အကြင်နာတွေ ပိုကျဉ်းမြောင်းလာတဲ့မြို့။
လူနေမှု မွန်းကျပ်သလောက်
နှလုံးသားတွေ ပူလောင်နေတဲ့မြို့။

ပါတီဆိုင်းပုဒ်တွေ များသလောက်
အလုပ်တကယ် မလုပ်တဲ့မြို့။
အိမ်အပြန် သိပ်နွမ်းနေသလောက်
ပိုက်ဆံတွေ အများကြီး ရရလာတဲ့
ကောင်မလေးတွေပေါတဲ့မြို့။

ဂိုဒေါင်ပျက်တစ်လုံးလို
ဝတ်ရုံအစုတ် ခြုံထားတဲ့မြို့။
မှတ်တိုင်မှာ သားပိုးအမေတွေ
များများလာတဲ့မြို့။

အပန်းဖြေ ဥယျာဉ်တွေ
အားကစားကွင်းဖြစ်လာတဲ့မြို့။
ရှေးဟောင်းအမွေတွေ
လက်ညိုးထိုးရောင်းနေတဲ့မြို့။

သင်္ခါရတွေ
ရှင်းပြနေတဲ့ပလ္လင်ထက်မှာ
ဇာတိမာန်တွေ ပေါက်ကွဲနေတဲ့မြို့။
ကျောက်ခေတ်ခြေလှမ်းနဲ့
ခေတ်သစ် မုဒိန်းပေါတဲ့မြို့။

နာကျင်မှုတွေများသလောက်
ကြင်နာခြင်းတွေ
ခေါင်းပါးလာတဲ့မြို့။
အယူဝါဒအောက်မှာ
ကိုယ်ချင်းစာတရား
ပျောက်ကွယ်နေတဲ့မြို့။

အဲဒီမြို့ဟာ
အကျင့်ပျက်မ တစ်ယောက်လောက်
သိက္ခာမရှိအောင်
ဗုံးတွေခဏခဏ ကွဲနေတယ်။

ပြည်သူရဲ့ ရိုးသားမှုကို
အကြောက်တရားနဲ့
လှည့်စားချင်နေကြတယ်။
မျက်ကန်းတွေ အာဏာရဘို့
မျက်လှည့်ပြနေတယ်။

သူသူ ကိုယ်ကိုယ်
တွဲလက်တွေ ခိုင်ခိုင်ထား။
သတိတွေ မြဲပါစေ. . .
အဲဒီမြို့မှာ ဗုံးတွေကွဲနေတယ်။

ဥာဏ်စိုး
15.10.2013

0 comments: