Breaking News
Loading...
Monday, February 9, 2015

Info Post

ကလေးတွေကိုယ်စား ပန်းရောင်းပေးမှ ကားတွေကြားမှာ
ပန်းရောင်းရတာ မလွယ်တာသိရတာမျိုးပါ။ ကားတွေမီးနီ
မိနေတုန်းလေး ပန်းပျိုးသူများ စာသင်ဝိုင်းလေးအကြောင်း
မြန်မြန်ရှင်းပြ မြန်မြန်ရောင်းရတာပါ။ ယာဉ်ကြောကိုလဲ
အနှောင့်အယှက်မဖြစ်အောင် ဂရုစိုက်ရပါသေးတယ်
လူတော်တော်မျာများကလဲ ကလေးတွေအတွက် လှုတယ်
လို့သဘောထားပြီး ဝယ်ပေးကြလို့ ပန်းဖိုးငါးသောင်းကျော်
ကို နာရီဝက်ပဲရောင်းရပါတယ်။ ဒီနေ့ကျွန်တော်ပန်းရောင်း
ရငွေ လေးထောင်ရပါတယ် ဒါကလေးတွေသူတို့အိမ်ဆန်
အိုးဖြည့်ဖို့အတွက်ပေါ့ တနည်းအားဖြင့် သူတို့တွေစာအေး
ဆေးသင်နိုင်ဖို့ ကျွန်တော်ခဏလုပ်အားပေးလို့ရတဲ့
လုပ်အားခလေးပေါ့။ လမ်းပေါ်က ပန်းရောင်းတဲ့ကလေး
တွေ ပညာတတ်ပြီး ယဉ်ကျေးလိမ္မာတဲ့သားတွေသမီးတွေ
ဖြစ်လာယင် ကျွန်တော်တို့ ပန်းပျိုးသူများ ပရဟိတအဖွဲ့
ပန်းရောင်းပေးရ စာသင်ပေးရကျိုးနပ်ပါတယ်။
Unlike ·  · 

0 comments: