မနေ့က သပိတ်မှောက်ကျောင်းသားတွေကို ထောက်ခံကြိုဆိုတဲ့ လူထုလှုပ်ရှားမှုမှာ ကိုရီးယားကျောင်းသား/သူတွေ ပါဝင်ခဲ့တယ်…
သူတို့က မြန်မာနိုင်ငံကို အလည်အပတ် ရောက်နေတဲ့အချိန် အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်သပိတ်မှောက်နေတဲ့ ကျောင်းသားထုကြီးကို ထောက်ခံတဲ့ပွဲဆိုတာလည်းသိရော သူတို့တွေပါ စိတ်တူကိုယ်တူ ပါဝင်လမ်းလျှောက်ပြီး ဆန္ဒပြခဲ့ကြတာပါ…
နိုင်ငံတနိုင်ငံမှာ ပညာရေးစနစ်ဟာ သိပ်အရေးမပါဘူးဆိုတဲ့လူတွေ...
ကျွန်ပညာရေးစနစ်ကို ထောက်ခံနေကြတဲ့ လူညံ့တွေကိုယ်စား ကိုရီးယားကျောင်းသား/သူတွေကို ကြည့်ရင်း ရှက်မိပါတယ်…
မြန်မာပြည်ရဲ့ ပညာရေးစနစ်ကို ပြောင်းလဲဖို့ ကျောင်းသားတွေရဲ့ တာဝန်ချည်းပဲမဟုတ်ဘူး!
တနိုင်ငံလုံးရဲ့တာဝန်ပါ!
အနာဂတ်လူငယ်တွေကို ကောင်းမွန်တဲ့ ပညာရေးစနစ်ကို လက်ဆင့်ကမ်းပေးခဲ့ချင်လို့ ကျောင်းသားတွေ ကျည်ဆံကို အန်တုပြီး လမ်းပေါ်ထွက်ခဲ့ကြတာပါ!
တနိုင်ငံလုံးရဲ့တာဝန်ပါ!
အနာဂတ်လူငယ်တွေကို ကောင်းမွန်တဲ့ ပညာရေးစနစ်ကို လက်ဆင့်ကမ်းပေးခဲ့ချင်လို့ ကျောင်းသားတွေ ကျည်ဆံကို အန်တုပြီး လမ်းပေါ်ထွက်ခဲ့ကြတာပါ!
မကူညီရင်နေ မနှောင့်ယှက်ပါနဲ့ဆိုတဲ့စကားအတိုင်း ပညာရဲ့တန်ဖိုးကို နားမလည်ကြတဲ့ ပညာမဲ့များ ခင်ဗျားတို့ပါးစပ်တွေ ခဏလောက် ပိတ်ထားပေးကြပါ!
သပိတ်မှောက်ကျောင်းသားတွေ ခင်ဗျားတို့ရဲ့ မျိုးဆက်သစ်သားသမီးတွေအတွက် တိုက်ပွဲဝင်နေကြလို့ပါ……
0 comments:
Post a Comment